Business တစ်ခု စလုပ်တဲ့အခါ မဖြစ်မနေသိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက် ၈ ချက်။ Eight important tips for successfully launching your business.
၁။ စိတ်ကူးသေးသေးလေးတွေကနေ အရင်စပါ။ လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆို ကျွန်တော်တို့စီမှာ ဖြစ်ချင်တဲ့ အတွေးအခေါ်၊ စိတ်ကူးတွေ အများကြီးရှိတတ်ကြတယ်။ ဒါပေမယ့် ဒါတွေအကုန်လုံး တစ်ပြိုင်တည်းနဲ့ လုပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? ဖြစ်နိုင်ခြေရှိမယ့် စိတ်ကူးသေးသေးလေးတွေကို အရင်ဦးစားပေးတတ်ဖို့ လိုတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ အရင်စီစဥ်ရမယ်။ အခြေခံကျတဲ့အရာလေးတွေကနေစပြီး မှန်မှန်ကန်ကန်လုပ်သွားနိုင်ပြီဆိုရင် ကိုယ့်လုပ်ငန်းရဲ့ လူမှုကွန်ရက်ကလည်း တဖြေးဖြေးကျယ်ပြန့်လာမှာပါ။ အားပေးတဲ့ ဖောက်သည်တွေလည်း အတော်အတန်အသင့် ရလာပြီဆိုမှ တစ်ခြားစိတ်ကူးတွေနဲ့ လုပ်ငန်းကို ဘယ်လိုထပ်တိုးချဲ့မလဲ ဆိုတာစဥ်းစားရမှာပါ။ ဥပမာ။ ။ကိုယ်က ကိုယ့်လုပ်ငန်းကို ရန်ကုန်တင်မဟုတ်ဘူး၊ သန်လျှင်နဲ့ ပဲခူးတို့ကိုပါ ပစ်မှတ်ထားထားတယ်။ စိတ်ကူးကောင်းကောင်းလေးတွေလည်းရှိတယ်။ ဒါမယ့်လက်ရှိ အခြေအနေက ကိုယ်က ရန်ကုန်မှာနေနေတယ်။ ငွေကြေးပိုင်းမှာလည်း အများကြီး မတတ်နိုင်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုစိတ်ကူးကောင်းတွေပဲ ရှိနေပါစေ၊ ကိုယ်နဲ့အနီးစပ်ဆုံးနေရာကို ဦးစားပေးပြီး ဖြစ်ထွန်းအောင် အရင်အာရုံစိုက်ရမှာပါ။ အနီးစပ်ဆုံးနေရာမှာတောင် အခြေအနေတစ်ခုဖြစ်ထွ...